Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

KIA တပ်ရင်း (၂၃) ပွိုင့် (၇၇၁) ၌ တိုက်ပွဲပြင်းထန်

$
0
0
အဲာပိုန် ဇန်နာဝါရီလ (၁၆) ရက်နေ့
23324_549445651734584_65219927_n

KIA တပ်ရင်း (၂၃) ဖြစ်သော ပွိုင့် (၇၇၁) စခန်းမှ အစိုးရတပ်များသည် ၄င်းစခန်းပတ်ဝန်းကျင်ကို ရှင်းလင်းရန် မနေ့ကထိုး စစ်ဆင်ခဲ့ရာ အကျအဆုံးများစွာရှိခဲ့သည်ဟုကျောင်းသားတပ်မတော် ဒုတိယစစ်ရေးတာဝန်ခံ ဗိုလ်မှူးကိုပေါက်က ဆိုပါ သည်။

“ ခါ့ရာဘွမ် ကို သူတို့ စစ်ထိုးဆင်နေတာ ၅ ရက်ရှိပြီး။ မနေ့က မနက် ၇ နာရီခွဲမှာဆိုရင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်တယ်။ လေယာဉ်နဲ့ လာပစ်တယ်။ ၂ နာရီခွဲမှာ တကြိမ်၊ ၃ နာရီ မိနစ် ၄၀ အချိန်မှာ တကြိမ် လေယာဉ် ၂ စင်းနဲ့ လာပစ်ခဲ့တယ်။ ဒီနေ့လဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ၂ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့ လာပစ်ပြန်တယ်။” ဟုဆိုပါသည်။

အကျအဆုံးများစွာရှိသော်လည်း ယနေ့ မနက် ၇ နာရီခန့်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ပြန်ပါသည်။ အစိုးရ၏ ထိုးစစ် ဆင်တပ်ဖွဲ့များအား KIA နှင့် ကျောင်းသားတပ်မတော်တို့က ဖြတ်တောက်တိုက်ခိုက်သဖြင့် အစိုးရတပ်ဖွဲ့များရှေ့မ တိုးနိုင် သေးဟုဆိုပါသည်။ ဤသို့ကြောင့် တိုက်လေယာဉ် ၂စင်း၂ နာရီ ၁၅ မိနစ်အချိန်တွင် လာရောက် ဗုံးကျဲခြင်း ၊ စက်သေ နတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းနှင့် မြေပြင်ပစ် ဒုံးများ အသုံးပြု ပစ်ခတ် တိုက်ခိုက်လာခဲ့သည်။

ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် လိုင်ဇာ၏ အနောက်ဘက်၌ ရှိပြီး ၅ မိုင်ခန့် အကွာတွင် ရှိပါသည်။ ဤနေရာသည် KIA တပ်ရင်း (၂၃) နှင့် (၂၄) အတွက် အဓိကကျသည့် အရှေ့ကာကင်းစခန်း တခုလည်းဖြစ်နေပါသည်။ လိုင်ဇာကိုစိုးမိုးနိုင် ရန် ဤနေရာရရှိရေးသည် အစိုးရတပ်ဖွဲ့များအတွက် လွန်စွာအရေးကြီးပါသည်။ ဤ သို့ကြောင့် (၁၇) ရက်တိုင်တိုင် မြေ ပြင်နှင့် ဝေဟင်ကို အသုံးချပြီး စစ်ဆင်နေခြင်းဖြစ်ပါသည်။

“ လာပစ်တဲ့ လေယာဉ်က ၆ စင်း ၊ တခါလာတာ ၂ စင်းတွဲ ၊ ၃ ခေါက် လာပစ်သွားတယ်ဗျ။ စက်သေနတ်နဲ့လဲပစ်တယ်။ နောက်ပြီး ဗုံကျဲချတယ်။ မြေပြင်ပစ် ဒုံးတွေနဲ့လဲ ပစ်တယ်။ အပြင်းအထန်ပါဘဲ။ အခု ၅ နာရီခွဲမှာ ဒီ ဘွမ်ရီဘွမ် ၇၇၁ ဘက် မှာလဲ ပစ်ခတ်နေတုန်း ။” ဟု ဗိုလ်မှူးက ဆိုပါသည်။

အစိုးရပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျား ယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်နေခြင်း မဟုတ် ကြောင်း ဇန်န၀ါရီလ ၁၆ ရက်နေ့ထုတ် 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

KIA သည် ဘွမ်ရီဘွမ် ပွိုင့် ၇၇၁စခန်းကို လက်လွှတ်ထားရသော်လည်း စခန်းပတ်ပတ်လည်ကို ၀ိုင်းရံထားခြင်းဖြစ်ပါသည်။ ဤသို့ကြောင့် ဘွမ်ရီဘွမ်စခန်းရှိ အစိုးရတပ်များ ထွက်ပေါက်မရှိသဖြင့် ပိတ်မိနေသည်မှာ (၃) ပတ်ခန့်ရှိနေပြီးဖြစ်သည်။ တ ချိန်ထဲ၌ ၄င်းအနီးရှိ KIA တပ်ရင်း (၂၄) ကိုပါ အစိုးရတပ်ဖွဲ့များက ကြည်းလေနှစ်မျိုးစလုံး ပြင်းထန်စွာ စစ်ဆင်ခဲ့သော်လည်း
အကျအဆုံးများစွာနှင့် စစ်ဆင်ရေးရပ်တန့်ကို ရပ်ထားရပါသည်။

ဤအခြေအနေမှ KIA တပ်များသည် ပြီးခဲ့သည့်အပတ်ကစပြိး လဂျားယန်စစ်မျက်နှာကို တန်ပြန်စစ်ဆင်ခဲ့ရာ အစိုးရလေ ကြောင်းမှ အကူအညီပေးခဲ့ရသဖြင့် ရဟတ်ယာဉ်တစင်း ပစ်ချခြင်းခံရခြင်းဖြစ်ပါသည်။ ဤအခြေအနေကြောင့် အစိုးရတပ် များသည် တန်ပြန်စစ်ဆင်သဖြင့် ယခုကဲ့သို့ တိုက်ပွဲများထပ်မံပြင်းထန်လာပြန်ပါသည်။

ဤအပတ်ထပ်မံစစ်ဆင်ရေးတွင် အစိုးရလက်နက်ကြီးတပ်ဖွဲ့သည် လိုင်ဇာကို ဦးတည်ပြိး တိုက်ခိုက်လာခဲ့ပါသည်။ အရပ် သားများထိခိုက် သေဆုံးမှုများဖြစ်လာသည့်အတွက် တရုတ်အစိုးရကပါ ကချင်စစ်ပြေးဒုက္ခသည်များကို တရုတ်နိုင်ငံဖက်၌ နေရာချလာခဲ့ရခြင်းဖြစ်ပါသည်။

အစိုးရ၏ (၇) မိုင် (၀ါ) လိုင်ဇာစစ်ဆင်ရေးသည် မြောက်ပိုင်းတိုင်းတိုင်းမှူး၏ ဒီဇင်ဘာ (၂၅) ရက်နေ့ ရာဇာသံပြီးနောက်ပိုင်း အထူးစစ်ဆင်ရေးဖြင့် တိုက်ခိုက်လာခဲ့သော်လည်း ယနေ့အထိရှေ့တိုးနိုင်ခြင်း မရှိသေးသလို ထိခိုက်သေဆုံးမှုများစွာနှင့် စစ်ကူအခက်အခဲနှင့်ပါ ရင်ဆိုင်နေရသည်ဟုဆိုပါသည်။



Viewing all articles
Browse latest Browse all 6402

Trending Articles