Declaration of the 8888 Democratic Uprising Silver Jubilee
8 August 2013, YANGON.
On this day of the 8888 Silver Jubilee, 25 years after the uprising, we, the ethnic and democratic forces, release this declaration after holding collective discussions on 6 and 7 August 2013.
1. We strongly believe that we need to establish a democratic federal state with self-determination and equality.
2. The 2008 Constitution does not guarantee such a democratic federal state. Therefore we strongly believe that the 2008 Constitution must be amended or a new constitution drafted.
3. We strongly believe there is a need to convene a convention that involves all national forces with the goal to achieve peace and national reconciliation, in order to establish a democratic federal state.
We declare that we will continue to fulfill the unfurnished duty of the 8888 uprising with these principles as our cause.
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ကြေညာစာတမ်း
*******************
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်း
၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်
ရန်ကုန်မြို့
ကျွန်ုပ်တို့ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်၊ ၇ ရက်နေ့များတွင် စုစည်းညီညွတ်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှစ်လေးလုံး ၂၅ နှစ်တိုင်ခဲ့သော ဤနေ့ဤရက်တွင် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းကို ထုတ်ပြန် ကြေညာလိုက်သည်။
၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တော်သစ်ကို ထူထောင်ရန် လိုအပ်သည်ဟု အလေးအနက် ခံယူသည်။
၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ပြန်လည်ရေးဆွဲရန် လိုအပ်သည်ဟု အလေးအနက် ခံယူသည်။
၃။ ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန်လိုအပ်သည်ဟု အလေးအနက် ခံယူသည်။
ဤသို့ ခံယူသည်နှင့်အညီ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသောတာဝန်များကို ဆက်လက် ထမ်းရွက် သွားမည်ဟု ထုတ်ပြန် ကြေညာလိုက်သည်။ ။
Flags brought to half-mast in remembrance of the sacrifices made for the 8888 democratic uprising.
ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်အခမ်းအနားတွေ ကျဆုံးသွားခဲ့သော ရဟန်းရှင်လူပြည်သူအပေါင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံများအား တိုင်တစ်ဝက်လွှင့်ထူထားစဉ် …
