22.MAY 2013 A. KUMARA
မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ရဲမင်းဦးလွှတ်မြောက်ရေးအတွက်ဗုဒ္ဓဟူးနေ့တိုင်း ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ဆုတောင်းမေတ္တာပို့သလျှက်ရှိရာ အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသူ တိုင်းရင်သား ညီအကိုယ်မောင်နှမများ မိမိတို့အသိစိတ်ဖြင့် လွှတ်လပ်သော နိုင်ငံနှင့် စစ်မှန်သော ဒီမိုကရေးစီနိုင်ငံတော်သို့ လျှောက်လှမ်းနေချိန်မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်ဆောင် ရဲမင်းဦး လွှတ်မြောက်နိုင်ရေးအတွက် လာရောက်အားပေးဖိုအတွက်မဟုတ်ပဲ စစ်မှန်တဲ့ အယူအဆများစွာ ပေါ်ပေါက်နိုင်ရေးအတွက် မိမိတို့တတ်အားသမျှဝိုင်းဝန်းကူညီ တစ်သွေးတည် တစ်သားတည်ဆိုတာကို မိမိတို့ ဗုဒ္ဓဘာသာ၏ရိုးရာဓလေ့အတိုင်း ဆုတောင်းမေတ္တာပို့သနိုင်ရေးအတွက် ရဲမင်းဦး လွှတ်မြောက်ပါစေဟု ဖိတ်ခေါ်အပ်ပါသည်။
ARAKAN NATIONAL NETWORK 23.MAY 2013
ကိုရဲမင်းဦးအား သာကေတ တရားရုံး၌ ရုံးထုတ်စဉ်
(6-5-2013)ရက်နေ့က ကိုရဲမင်းဦးအား သာ ကေတမြို့နယ်တရာရုံး၌ ရုံးထုတ်စဉ် ရခိုင် အမျိုးသားကွန် ရက်ဥက္ကဌနှင့်အတူရခိုင် အမျိုးသားကွန်ရက်မှညီငယ်၊ ညီမငယ်များသွားရောက်အားပေးခဲ့သည်။ အများပြည်သူနှင့်ဆိုင်သောတရားရုံးတစ်ခုတွင် အများပြည်သူဝင်ရောက်နားထောင် ခွင့်မရရှိအောင် လုံခြုံရေးကို လိုအပ်သည်ထက်ပိုမိုချထားပြီး တရားဥပဒေနဲ့မညီသော လုပ်ထုံးလုပ်နည်းနှင့်လုပ် ရပ်များကိုဖြစ်ပေါ်စေခဲ့သည်။သည့် အတွက်တရားဥပဒေစိုးမိုးရေးအပိုင်းကိုအုပ်ချုပ်ရေးပိုင်းမှဝင်ရော က်လွှမ်းမိုးထားသည်များကိုအမျာြး ပည်သူပိုမိုသိရှိစေရန် ရခိုင် အမျိုးသားကွန်ရက် ဥက္ကဌအနေဖြင့်ပြည်တွင်း/ပြည်ပမီဒီယာများနှင့်ချိတ်ဆက်ပြောဆိုရှင်းလင်းခဲ့သည်။ ကိုရဲမင်းဦးအမှုကို လိုက်ပေးနေသော ရှေ့နေဦးကျော်ဟိုးနှင့်လည်း အမှုအ ခြေအနေဆက်လက်လုပ်ဆောင် သင့်သည်များကိုအသေးစိတ်တိုင် ပင် ညှိနှိုင်းခဲ့သည်။ ရဟန်းရှင် လူမိဘပြည်သူများနှင့်တရားဥပဒေစိုးမိုးရေးအတွက်ဆက်လက် ရုန်းကန်လှုပ်ရှားဆောင် ရွက်ကြရန်အပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နိုင် ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ စီးပွားရေးနှင့်လုံခြုံရေး၊သမိုင်းနဲ့ယုံကြည်မှုတို့သည်အပြန်အလှန်ဆက်စပ်နေသည့်အတွက်ကျွန်ုပ်တို့ရဟန်းရှင်လူမိဘပြည် သူများအကြား ယုံကြည်စွာပူးပေါင်းဆောင် ရွက်မှုက အခရာကျလှပြီးထိုမှတစ်ဆင့် တရားဥပဒေစိုးမိုးရေးကိုတွန်းအားပေးဆောင် ရွက်နိုင် မည်ဟုကျွန်ုပု တို့်ယုံကြည်သောကြောင့်ပင်ဖြစ်သည်။ ။
