Who want to support Mahasan affected Area ?? Free transport .
( Medicine, Food, Water, etc )
Contact ( +95) 01515 2577, 515 255, 09 4921 7640, 09 5185 579
လတ်တလောဖြစ်ပေါ်နေတဲ့ မဟာစင်ဆိုင်ကလုန်းမုန်တိုင်းအတွက် အေးရှားဝင်းလေကြောင်းလိုင်းက အရေးပေါ်စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး သည်အဖွဲ့အစည်းက တာဝန်ယူပို့ဆောင်ပေးမှာပါ။ ဘေးအန္တရယ်တွေအတွက် ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးများပြုလုပ်လိုတဲ့ လူမှု့ရေးအသင်းအဖွဲတွေ အင်န်ဂျီအိုအဖွဲ့တွေအနေနဲ့ မိမိတို့လှူဒါန်းလိုတဲ့ ကယ်ဆယ်ရေးပစ္စည်း (ဆေးဝါး၊ စားနပ်ရိက္ခာ၊ ရေသန့် စသည်ဖြင့်)တွေကိုဖော်ပြပြီးအကူအညီတောင်းခံလာပါကအေးရှားဝင်းလေကြောင်းလိုင်းပိုင်လေယာဉ်တွေနဲ့ အခမဲ့ ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ အေးရှားဝင်းလေကြောင်းလိုင်းရဲ့ ကြိုက်နှစ်သက်ရာ ဖုန်းနံပါတ်တွေကို ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။ ကော်မတီကိုဆက်သွယ်လိုပါက ဖုန်း ၀၁ ၅၁၅၂၅၇၊ ၅၁၅၂၅၅၊ ၀၉ ၄၉၂၁၇၆၄၀၊ ၀၉ ၅၁၈၅၅၇၉ တို့ကို ဆက်သွယ်နိုင်ပါတယ်။
ပုဂ္ဂလိကလေကြောင်း လိုင်းသစ်တစ်ခုဖြစ်သော ရွှေမြန်မာ လေကြောင်းလိုင်း၏ ပထမဆုံး ပွဲဦးထွက်ခရီးစဉ်ကို လေယာဉ်ခ သက်သာစွာဖြင့် ဇန်နဝါရီ ၁၇ ရက်တွင် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း ၏ ပြောကြားချက် အရ သိရှိရသည်။
ထိုင်ခုံ ၁ဝ၈ ခုံရှိသော အဲဘတ်(စ)လေယာဉ်ဖြင့် ဒေသစံ တော်ချိန်နံနက် ၈ နာရီတွင် ရန်ကုန်မှ စတင် ထွက်ခွာကာ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး အပြန်ခရီးစဉ်မှာ မနက် ၉ နာရီ မိနစ် ၃ဝ တွင် မန္တလေးမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
ခရီးစဉ်တစ်ခုစီအတွက် ဈေးနှုန်းချိုသာသော လေယာဉ်ခကို ၃၂ ဒေါ်လာခန့်ဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ၆၄ နှစ်ကြာပြေးဆွဲ ခဲ့သော နိုင်ငံပိုင် မြန်မာအဲဝေး (Myanmar Airways) ပြည် တွင်း လေကြောင်းလိုင်း အပြင် အခြားပုဂ္ဂလိ ကပိုင် ပြည်တွင်းလေကြောင်းလိုင်း ၅ လိုင်းဖြစ်သည့် အဲမန္တလေး (Air Mandalay)၊ ရန်ကုန်အဲဝေး (Yangon Airways)၊ အဲပုဂံ (Air Bagan)၊ အေးရှားဝင်း (Asian Wings)နှင့် အဲကမ္ဘောဇ (Air Kanbawza) တို့လည်း ပြေးဆွဲလျက် ရှိသည်။
