Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

U WIRA THU သို့/ အရှင်ဝီရသူဘုရား …13.MAY 2013

$
0
0

သို့/

အရှင်ဝီရသူဘုရား ……..
တပည့်တော် ဘုရားဖူးဧည့်သည် တစ်ယောက်အနေနဲ့ စိတ်မကောင်းစရာ တစ်ခု တွေ့ခဲ့ရလို့ ဆရာတော်ထံ တင်ပြလျှောက်ထားခြင်း ဖြစ်ပါတယ် အရှင်ဘုရား။
တပည့်တော်တို့ မြန်မာပြည်ရဲ့ အထင်ကရ ဘုရားတွေများပြာလှတဲ့ ပုဂံရဲ့ သမိုင်းဝင် မြတ်စွယ်တော် လေးဆူရဲ့ တစ်ဆူအပါအဝင် ဖြစ်တဲ့ တုရင်းတောင် တောင်ခြေမှာ တောင်တက်ကားမောင်းတဲ့ သူတွေဟာ မွတ်ဆလင်တွေ ဖြစ်နေပါတယ်ဘုရား။
ဒီနှစ် သင်္ကြန်မှာ ဘုရားဖူးကား တစ်စီးက ကားသမားနဲ့ တောင်တက်ကားသမားများ စကားများပြီး ဘုရားဖူးကားသမားအား ဝိုင်းရိုက်လိုက်ပါတယ်ဘုရား။
အရင်နှစ်ကလည်း ရွှေကြေးစည် ကားသမားတွေကို သူတို့ကားနဲ့ မတက်-လို့ဆိုပြီး ဝိုင်းရိုက် လိုက်တယ်လို့လည်း ပတ်ဝန်းကျင်က ပြောပြပါတယ်ဘုရား။ ပြီးတော့ သူတို့တွေဟာ ဘုရားဖူး ဧည့်သည် တွေကိုလည်း နှုတ်မှ ရိုင်းပြစွာ ဆက်ဆံတယ်လို့လည်း ပြောကြပါတယ်ဘုရား။
တပည့်တော် စိတ်မကောင်းမိတာက အခုလို ဘုရားဖူးဧည့်သည်တွေကို ကိုယ်ထိလက်ရောက် စော်ကားတာမြင်တော့ အရမ်းပဲ စိတ်မကောင်းဖြစ်မိပါတယ် ဘုရား။
တပည့်တော် အဓိက လျှောက်ထားလိုတာက ဘုရားဖူးဧည့်သည်တွေ ဘုရားဖူးလာရာမှာ စိတ်အနှောက်အယှက် မဖြစ်လိုတာပါဘုရား။
ဒါကြောင့် ဘုရားဖူး ပြည်သူဗုဒ္ဓဘာသာဝင်များ စိတ်အေးစေရေး ယခုလို အခြေနေများ ရှိနေသည်ကို အရှင်ဘုရားထံ လျှောက်ထားခြင်း ဖြစ်ပါသည်ဘုရား။ အရှင်ဘုရှားအနေနဲ့ သက်ဆိုင်ရာ သာသနာရေးဆိုင်ရာ လူကြီးများနှင့် ဘုရားဖူးပြည်သူလူထု ကိုယ်စား ဆွေးနွေးပေးစေလိုပါသည် အရှင်ဘုရား။

မောင်ကောင်း
ပုဂံ

922873_263335083810007_692869812_n



Viewing all articles
Browse latest Browse all 6402

Trending Articles