Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

BENGALI-ROHINGYAS CHAOS IN CAMP AS AUTHORITY CHECKING PERSONAL DATA-VIDEOဘောဒူဗ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းတွင်လည်း

$
0
0

On 26 April 2013, the Bengali refugees (who claimed themselves as Rohingyas) in Baw Du Wa refugee camp of Arakan state created a chaos when authorities tried to inquire their personal data to make a proper record. Hundreds of them were yelling vulgarity to the authorities who were eventually unable to do their duties because of the chaos

.ယနေ့ 26-4-2013နေ့တွင် နိုင်ငံတော်အဆင့်စီမံချက်ဖြင့် ဘင်္ဂလီများအား(ဆွဲ၊တင်၊ စစ်) လူဦးရေ စာရင်းကောက်ယူရန် ဘောဒူဗ ဒုက္ခသည်စခန်းသို့စစ်ဆေးရန်သွားရောက်ရာတွင်လည်း အခက်အခဲများကြုံတွေ့ခဲ့ရကြောင်းသိရသည်။ စာရင်းစတင်ကောက်ယူရာတွင် အိမ်ထောင်စု (၂)စုလောက်သာ ကောက်ယူပြီးနောက် ဘင်္ဂလီလူကြီးများမှ စာရင်းကောက်ယူရာနေရာသို့ ၀ိုင်းအုံလာခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး ဘင်္ဂလီလူငယ်များမှ ဗလီအတွင်းမှ ထွက်လာပြီး ‘ရိုဟင်ဂျာ.. ရိုဟင်ဂျာ” အော်ဟစ်ပြီး စာရင်းကောက်ယူရန်အဖွဲ့များကို အနှောင့်အယှက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါလူအုပ်မှာ ထောင်နှင့်ချီ၍ များပြားလာသောကြောင့် လုံခြုံရေးတာဝန်ယူလိုက်ပါလာသော ဒုဗိုလ်မှူးမှ တပ်ရင်းမှုးထံအကူအညီလှမ်းတောင်းခဲ့ရကြောင်းသိရသည်။ စာရင်းကောက်ယူရန် လိုက်ပါလာသော အဖွဲ့အား အဆိုပါ တပ်ရင်းမှုးကားများ ရောက်ရှိလာပြီးလာပြီးသာလျှင် ဘေးအန္တရာယ်ကင်းစွာဖြင့် လုံခြုံသည့်နေရာသို့

ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရပါသည်။ အဆိုပါစာရင်းကောက်ယူရေးအဖွဲ့တွင် လိုက်ပါသွားခဲ့သော ရခိုင်ပြည်နယ်ဓာတ်ပုံပညာသည်များအသင်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာတွင် ” ကျွန်တော်တို့က အခုအစီအစဉ် (နိုင်ငံတော်အဆင့်စီမံချက်၊(ဆွဲ၊ တင်၊ စစ်) ဘင်္ဂလီများလူဦးရေ စာရင်းကောက်ယူရေးအီအစဉ်)မှာ လ၀ကက အမျိုး၊ ဘာသာ၊ သာသနာအတွက် ကူညီပေးရန်အတွက် ကျွန်တော်တို့အဖွဲ့ကို အကူအညီတောင်းလို့ ကျွန်တော်တို့က လိုက်ပါကူညီဆောင်ရွက်ပေးတာပါ။ အခုဖြစ်လာလိမ့်မယ်လို့တော့ ထင်ထားခဲ့ပေမဲ့လည်း ကျွန်တော်တို့ အသင်းအနေနဲ့ အရဲစွန့်ကူညီပေးခဲ့တာပါ။ အခုအချိန်မှာတော့ အသင်းက လိုက်ပါသွားတဲ့ ဓာတ်ပုံဆရာတွေကို ဆက်သွယ်ထားပါပြီ၊ အကုန်လုံးဘေးကင်းကြပါတယ်။ တစ်ချို့ဆိုရင် အသင်းကိုပြန်လို့ရောက်ရှိလာပါပြီ”" ဟု ဖြေကြားသွားခဲ့ပါသည်။ photo credit ; ရခိုင်ပြည်နယ် ဓာတ်ပုံနှင့် ဗီဒီယိုပညာသည်များအသင်း

528446_198162286974603_124009404_n562442_198162256974606_751773345_n-1931396_198162320307933_1215011414_n



Viewing all articles
Browse latest Browse all 6402

Trending Articles