မြန်မာပြည်ကို ကျေးဇူးမပြုရင်နေပါ။ ဖင်လှန်မပြပါနဲ့ ကိုမိုးသီး
******************************************
ခုလိုမျိုး လူအများဆဲချင်စရာလေးတွေမှ မလုပ်လိုက်ရရင် ကိုမိုးသီးတို့ ရိုးရာအစဉ်အလာတွေ ပျက်ကုန်မှာပေါ့။ ခုလည်း အဆဲမခံရတာကြာတော့ ပျင်းတယ်နဲ့တူတယ်။ လုပ်ပြန်ပြီ။ ဒီတစ်ခါ လုပ်တာတော့ တော်တော်ဆိုးတယ်။
ဗုဒ္ဓဘာသာ၉၆၉ အထိမ်းအမှတ်ကို နာဇီတံဆိပ်နဲ့ နှိုင်းယှဉ်ပြီး စော်ကားထားပါတယ်။ အဲဒါထက်ပိုဆိုးတာက ကိုမိုးသီးလို အမေရိကန်က အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ အဆက်အသွယ်ရှိသူက သူ့ facebookမှာ ခုလို ဗုဒ္ဓဘာသာတွေကို အကြမ်းဖက်သမားမကောင်းဆိုးဝါးလို့ မြင်စေနိုင်တဲ့ပုံနဲ့အတူ Many Business shops have been forced by Myanmar Buddhist extremists to post a 969 sign in Burma ဆိုပြီး ရေးထားတော့ မတရားရန်စခံရတဲ့ ဗုဒ္ဓဘာသာတွေကို ကမ္ဘာ့အလယ်မှာ ပိုပြီးနာမည်ပျက်အောင် ကိုမိုးသီးလုပ်နေတာနဲ့အတူတူပဲ။ ကိုယ့်ဗုဒ္ဓဘာသာတွေဘက်က မရပ်တည်ရင်နေပါ။ ခုလို ဘာသာခြားဘက်ကနေ ဗုဒ္ဓဘာသာကို နာမည်ပျက်အောင် အောက်တန်းကျစွာ လုပ်တာဟာ ကိုယ်မွေးတဲ့နိုင်ငံက မြန်မာတွေကို စော်ကားရာကျပါတယ်။ ကိုယ့်နိုင်ငံကို ကမ္ဘာ့အလည်မှာ နာမည်ပျက်အောင် ကျေးဇူးကန်းရာကျပါတယ်။
ကိုမိုးသီး မြန်မာပြည်ကို နိုင်ငံရေးဖျာခင်းဖို့ဆိုပြီး မြန်မာပြည် ပြန်လာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး။နိုင်ငံရေးအပြောင်းအလဲတွေဖြစ်တော့အမေရိကန်မှာ ဖိနပ်နဲ့ပေါက်ခဲ့တဲ့ သမ္မတကို ခြေသလုံးဖက်ဖို့ မြန်မာပြည်ပြန်ပြေးလာပေမဲ့ သမ္မတကြီးက အတွေ့မခံခဲ့ဘူး။ အမေစုကလည်း အတွေ့မခံဘူး။ ဒီမိုကရေစီသူရဲကောင်းကြီးလို ပြည်သူက ကြိုဆိုမှာကို မျှော်မှန်းထားပေမဲ့တကယ်ရလိုက်တာက ပြည်သူလူထုရဲ့ ကဲ့ရဲ့ရှုံ့ချသံတွေ ဆဲဆိုပြစ်တင်သံတွေ။ ဒါတွေကြောင့် ကိုမိုးသီး မြန်မာပြည်ကို စိတ်နာသွားပြီး မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို အငြိုးနဲ့ နာမည်ပျက်အောင်လုပ်နေတာလား?
ကြုံလို့ ကိုမိုးသီး မြန်မာပြည် လာတုန်းက ဘင်္ဂါလီိအရေးပြောခဲ့တာကို အခုရေးမယ်။ အဲဒီတုန်းက ကိုမိုးသီးက ဘင်္ဂါလီတွေ ရခိုင်မှာနေတာ ဘာဖြစ်လဲ မြန်မာတွေလည်း ထိုင်းမှာ သန်းနဲ့ချီပြီးနေတာပဲလို့ ပြောခဲ့တယ်။ကိုမိုးသီး နိုင်ငံရေးသမားလုပ်ပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းတအားနည်းတာကို ပြတာ။ မြန်မာတွေ ထိုင်းမှာ သန်းနဲ့ချီနေနေတာ ဘယ်သူမှ အပြီးမနေကြဘူး။ အချိန်တန်အိမ်ပြန်မဲ့သူတွေကြီးပဲ။ ကိုယ့်နိုင်ငံမှာ စီးပွားရေးအဆင်မပြေလို့ ခဏသွားနေကြတာ။ ဘယ်သူမှ ထိုင်းနိုင်ငံရဲ့ တိုင်းရင်းသားပါဆိုပြီး မလိမ်ကြဘူး။ နိုင်ငံသားဖြစ်ခွင့် တိုင်းရင်းသားဖြစ်ခွင့် ဘာအခွင့်အရေးမှ မတောင်းဆိုဘူး။ ထိုင်းဒေသခံတွေကို ဒုက္ခမပေးဘူး။ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေကို သူ့နိုင်ငံသားတွေ မလုပ်တဲ့ဈေးပေါပေါနဲ့ အလုပ်လုပ်နေကြတာ။ ဘင်္ဂါလီတွေကို သမိုင်းမလိမ်ဘူး။ နယ်မြေမတောင်းဘူး။ ဒေသခံကို မုဒိမ်းမကျင့်ဘူး။ အိမ်မီးမရှို့ဘူး။
ခင်ဗျားလို အမေရိကန်လို နိုင်ငံမှာ တရားဝင်အေးဆေးနေခွင့်ရှိထားသူတောင် မြန်မာပြည်ကို အခွင့်အရေးရရင် ပြန်လာနေချင်တာ မြန်မာ့စိတ်ဓာတ်ကို ခင်ဗျားသိသင့်တာပေါ့။ ဒါကို ရခိုင်ပြည်နယ်ကကျူးကျော်ဘင်္ဂါလီနဲ့ ထိုင်းမှာရောက်နေတဲ့ မြန်မာတွေကို နှိုင်းယှဉ်တာ ခင်ဗျားတော်တော်ရှော်တာပဲ။
ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို မကူညီရင်နေပါ။ မြန်မာပြည်မှာ နေရာမရတာနဲ့ မကောင်းတဲ့စိတ်နဲ့ စားခွက်ကို သေးပန်းပြီး ကျေးဇူးကန်းတာမျိုးတော့ မလုပ်စေချင်ဘူး။မြန်မာပြည်ကို ကျေးဇူးမပြုရင်နေပါ။ ဖင်လှန်မပြပါနဲ့ ကိုမိုးသီး။
ဘင်္ဂါလီကျုးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့
facebook moethee zun march 24
SHAME ON YOU MTZ -HOW MUCH MONEY DID YOU GET??
