Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

Islam or Muslim is not nation or ethnic –အမျိုးသားရေးတာဝန်ကြောင့် OIC ၀င်ရောက်ရေးကို လုံးဝလက်မခံနိုင်ပါ

$
0
0
HTAY TINT
Myanmar try to go Democracy system with Human Rights .
It is for who are live official citizen people or official ethnic .
Myanmar still try to examining who can official live.
Who want to official live Myanmar must be follow
courtesy of Burmese or other official ethnic .
Official ethnic meaning is basic name of list on the 1947 Pinlong agreement
with ethnic homogeneity group only .
We know about nation or ethnic is not religious people .
Religious people can never Nation or Ethnic .
Buddhism is not nation or ethnic .
Christan is not nation or ethnic .
Islam or Muslim is not nation or ethnic .

Don’t support look like Indonesia muddle religious people.
Buddhism learn together living with beneficent love without kill .
Christan learn together living with beneficent love without kill .

Our people from Myanmar accept help for Human Rights.
Our people from Myanmar not accept domination of Islam or Muslim .

———
558985_441324562623088_1418667665_n
Thurein Hlaing Win

*အမျိုးသားရေးတာဝန်ကြောင့် OIC ၀င်ရောက်ရေးကို လုံးဝလက်မခံနိုင်ပါ*

ပြီးခဲ့တဲ့ ဧပြီ ၁၄ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မြန်မာနိုင်ငံကို OIC အဖွဲ့ဝင်ရောက်ခွင့်နဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းကိုလည်း မြန်မာအစိုးရအပေါ်OIC ၀င်ရောက်မှုခွင့်ပြုရေး ဖိအားတွေပေးပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ OIC အဖွဲ့ရဲ့ ကြေညာချက်အရတော့ ဒီလို OIC က မြန်မာနိုင်ငံထဲကို အသည်းအသန်ဝင်ရောက်ချင်နေတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံထဲမှာ လူနည်းစုမွတ်ဆလင်တွေ အဖိအနှိပ်ခံနေရတာကြောင့်လို့ဆိုပါတယ်။ OIC ရဲ့ကြေညာချက်နဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ လုံးဝကိုက်ညီခြင်းမရှိတာကြောင့် ဒီဆောင်းပါးရေးဖြစ်လာပါတယ်။

OIC အဖွဲ့ဟာ ၁၉၆၉ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အစ္စလာမ်မစ်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အစ္စလာမ်မစ်နိုင်ငံတွေပူးပေါင်းပြီး မွတ်ဆလင်တွေအရေးကိစ္စတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ OIC အဖွဲ့ရဲ့ အခြေခံစည်းမျဉ်းကတော့ Sharia law ပါ။ ဒီအဖွဲ့မှာ လူ့အခွင့်အရေးအတွက် စည်းမျဉ်းသက်သက်ရှိပါတယ်။ သူ့စည်းမျဉ်းကတော့ “all the rights and freedoms stipulated in this Declaration are subject to the Islamic Shari’ah” “the Islamic Shari’ah is the only source of reference for the explanation or clarification of any of the articles of this Declaration” ဆိုပြီးတော့ပါ။ OIC အဖွဲ့ဟာ သူတို့ရဲ့ Sharia law အပေါ်အခြေခံတဲ့ လူ့အခွင့်ရေးစည်းမျဉ်းကို ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ အပိုဒ်ခွဲတစ်ခုအဖြစ်လက်ခံလာအောင် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ဝေဖန်မှုများကြောင့် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ အပိုဒ်ခွဲတစ်ခုဖြစ်မလာပါဘူး။ စိတ်ဝင်စားစရာကောင်းတာက အဲဒီ OIC အဖွဲ့ရဲ့ လူ့အခွင့်ရေးစည်းမျဉ်းကိုကန့်ကွက်ခဲ့တဲ့အထဲမှာ အလယ်အလတ်သဘောထားရှိတဲ့ မွတ်ဆလင်အဖွဲ့တွေပါ ပါဝင်ခဲ့တာပါ။ ဒါ့ကြောင့် OIC အဖွဲ့ဝင်နိုင်ငံတွေဟာ ကုလသမဂ္ဂလူ့အခွင့်ရေးကြေညာစာတမ်းကို အပြီးအပိုင်လက်ခံထားခြင်းမရှိဘဲ Sharia law နဲ့ငြိစွန်းတဲ့ လူ့အခွင့်ရေးကိစ္စတွေဆိုရင် သူတို့ကိုယ်ပိုင် Sharia Law ပေါ်မူတည်တဲ့လူ့အခွင့်ရေးစာတမ်းကိုပဲ လက်ခံကြပါတယ်။ အခုလက်ရှိမှာ OIC အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇နိုင်ငံရှိပြီး ဆော်ဒီအာရေဗျ၊ မလေးရှား၊ အင်ဒိုနီးရှား အစချီလို့ ယီမင်၊ အဇာဘိုင်ဂျန် အစရှိတဲ့နိုင်ငံတွေထိ ပါဝင်ပါတယ်။ အများအားဖြင့်တော့ အာရှနဲ့ အာဖရိကက မွတ်ဆလင်နိုင်ငံတွေဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ရေနံထွက်ရှိတဲ့နိုင်ငံများကအဓိက ငွေကြေးထောက်ပံ့ထားတာဖြစ်တဲ့အတွက်ကြောင့် အလွန်ခိုင်မာသော ငွေကြေးအင်အားရှိပါတယ်။

ဒီလိုမွတ်ဆလင်အများစုနိုင်ငံတွေသာ အဖွဲ့ဝင်ဖြစ်တဲ့ OIC ဟာ ဘာ့ကြောင့်မြန်မာနိုင်ငံထဲကို အသည်းအသန်ဝင်ရောက်ချင်နေတာလဲ။ သူတို့အဆိုအရတော့ မြန်မာနိုင်ငံထဲက မွတ်ဆလင်တွေအဖိနှိပ်ခံနေရတာကြောင့်လို့ဆိုပါတယ်။ ဒီအကြောင်းကို ပြန်သုံးသပ်ကြည့်ရအောင်ပါ။ ကျွန်တော်တို့နိုင်ငံမှာ မွတ်ဆလင်ဦးရေ ၂.၄သန်းခန့်ရှိတယ်။ အရေအတွက်အားဖြင့်မနည်းလှဘူး။ OIC ရဲ့အဖိနှိပ်ခံနေရတယ်ဆိုတဲ့ ပေတံဟာ ဘာကိုတိုင်းတာပြီးပြောတာပါလဲ။
၁။ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ ၀တ်ပြုစရာနေရာမရှိဖြစ်နေသလား။ ဒါမှမဟုတ် ၀တ်ပြုရတာ ကျပ်တည်းနေသလား။ လူဦးရေနဲ့ ဗလီအချိုးအစား အရမ်းကို မလောက်မငှဖြစ်နေသလား။ မွတ်ဆလင်တွေဝတ်ပြုတာကို အနှောက်အယှက်ပေးမှုတွေရှိနေသလား။
၂။ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေမ၀င်ရ၊ မသွားရ ဆိုပြီး သီးခြားကန့်သတ်ထားတဲ့နေရာများ ရှိသလား။ ကျွန်တော်သိသလောက်တော့ မြန်မာနိုင်ငံရဲ့ဘယ်နေရာကိုမှ မွတ်ဆလင်မ၀င်ရဆိုတာမျိုး၊ ဗုဒ္ဓဘာသာသီးသန့်ဆိုတာမျိုးတွေမရှိပါ။ ဘုရားကျောင်းကန် ဘုန်းတော်ကြီးကျောင်း ဘယ်နေရာမှာမဆို စိတ်ရှိရင် သွားလာလို့ရပါတယ်။
၃။ မြန်မာနိုင်ငံထဲမှာ မွတ်ဆလင်တွေဟာ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာ လုပ်ခွင့်မရဖြစ်နေပါသလား။ ဒီအတွက် အဖြေကတော့ရှင်းရှင်းလေးပါ။ ကျွန်တော်တို့နိုင်ငံမှာ မွတ်ဆလင်ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အစိုးရအကြီးအကဲတွေ အများကြီးရှိပါတယ်။ ယုတ်စွအဆုံး အာဇာနည်ခေါင်းဆောင်ထဲမှာတောင် မွတ်ဆလင်ရှိပါတယ်။
၎။ မွတ်ဆလင်တွေ စီးပွားရေးအရ အနှိပ်ကွပ်ခံနေရသလား။ စီးပွားရေးနဲ့ပတ်သက်ရင်တော့ ပြောစရာတောင်မလိုတော့ပါ။
၅။ မွတ်ဆလင်တွေမြန်မာနိုင်ငံမှာ တန်းတူပညာသင်ကြားခွင့်မရဘူးလား။ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို ဖိနှိပ်ပြီး ပညာသင်ကြားခွင့်မပေးတဲ့ကျောင်း၊ တက္ကသိုလ်ရှိနေသလား။

ကျွန်တော်တိုင်းကြည့်သမျှပေတံတွေနဲ့တော့ မွတ်ဆလင်တွေ ဘယ်နေရာမှာ အဖိနှိပ်အရမ်းခံနေရလို့ OIC က မြန်မာနိုင်ငံထဲ ၀င်ချင်တာလဲဆိုတာကို အဖြေရှာမရပါ။ အချို့ကတော့ပြောတယ်။ မွတ်ဆလင်တွေနိုင်ငံသားမှတ်ပုံတင်လျှောက်ရင် အရမ်းခက်တယ်၊ အဲဒါ မွတ်ဆလင်မို့လို့ မဟုတ်ဘူးလားတဲ့။ ကျွန်တော် ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် ကျွန်တော်တို့အဖေဘက်ကနေ တရုတ်သွေးစပ်ပါတယ်။ အဲဒီအတွက် ကျွန်တော်နိုင်ငံသားမှတ်ပုံတင်လုပ်တဲ့အခါမှာ သွေးနှောဖြစ်နေတဲ့အတွက် အစကနေအဆုံး အားလုံးကို ခက်ခက်ခဲခဲလိုက်လုပ်ရပါတယ်။ ဒီလိုခက်တာက ဘာသာကြောင့်မဟုတ်ပါဘူး။ သွေးနှောဖြစ်နေတာကြောင့်ပါ။

ဒီလိုအကြမ်းဖျင်းဆန်းစစ်ကြည့်ရင်ကိုပဲ OIC ရဲ့ မြန်မာနိုင်ငံထဲကိုဝင်ချင်တာဟာ ဖိနှိပ်ခံနေရတဲ့မွတ်ဆလင်တွေကို အကူအညီပေးဖို့ပါဆိုတဲ့အကြောင်းပြချက် လုံးဝမခိုင်မာကြောင်းသိသာပါတယ်။ OIC ဟာ မြန်မာနိုင်ငံထဲကို ၀င်ရောက်နိုင်ဖို့သာ အဓိကလို့ ဦးတည်ချက်ထားပုံရပါတယ်။ အဲဒီအတွက်အကြောင်းရင်းမျိုးစုံရှာရင်း ချဉ်းကပ်နေတာ တောင်းဆိုနေတာဟာ ရယ်စရာလည်းကောင်းပါတယ်။ နောက်တစ်ဖက်ကကြည့်ရင် မြန်မာနိုင်ငံရဲ့ ဘာသာ သာသနာအတွက်လည်း စိုးရိမ်စရာကောင်းပါတယ်။

OIC ကို မြန်မာနိုင်ငံထဲ လုံးဝပေးဝင်စရာမရှိပါဘူး။ ပထမအချက်ကတော့ သူတို့ပြောနေသလို မြန်မာနိုင်ငံထဲမှာ မွတ်ဆလင်တွေ အဖိနှိပ်ခံနေရပါတယ်ဆိုတာ လုံးဝမမှန်တဲ့အတွက်ပါ။ နောက်တစ်ချက်ကတော့ OIC ဟာ အစ္စလာမ်မစ်အဖွဲ့အစည်းပါ။ အစ္စလာမ်ဘာသာဝင်တွေကိုသာ ကိုယ်စားပြုတဲ့အဖွဲ့အစည်းပါ။ ဒီအတွက် မွတ်ဆလင်အများစုမဟုတ်တဲ့မြန်မာနိုင်ငံနဲ့ ဘာမှမသက်ဆိုင်ပါ။ နောက်တစ်ခါ OIC သာဝင်ရောက်လာခဲ့ရင် အစ္စလာမ်မစ်အဖွဲ့အစည်းဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေကိုပဲ ခွဲခြားထောက်ပံ့မယ်ဆိုတာ အသိသာကြီးပါ။ ဒီအတွက် OIC ၀င်ရောက်ဖို့ကိစ္စကို မွတ်ဆလင်တွေသဘောကျတယ် ထောက်ခံတယ်ဆိုတာ သဘာဝကျပါတယ်။ ထို့အတူပဲ ဒီလိုသွေးခွဲရာကျတဲ့ ခွဲခြားထောက်ပံ့ခြင်းကို ကျန်တဲ့ဘာသာဝင်တွေသဘောမကျတာကလည်း ဖြစ်သင့်တဲ့သဘာဝတစ်ခုပါပဲ။ ဒါပေမယ့် ရယ်စရာကောင်းတာတစ်ခုက OIC ရဲ့ ဘာသာ လူမျိုး ခွဲခြားထောက်ပံ့ခြင်းကို Racist လို့ မစွပ်စွဲကြဘဲ ဒီ OIC အဖွဲ့ကို ကန့်ကွက်တဲ့သူတွေကိုတော့ Racist, Extremist လို့ ၀ိုင်းစွပ်စွဲနေကြတာကိုပါ။

တကယ်တော့ မွတ်ဆလင်တွေဖိနှိပ်ခံနေရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ OIC ဟာ ကိုယ့်မျက်ချေးကိုယ်မမြင်နိုင်တာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။ တစ်ခုခုတော့ သေချာပါတယ်။ OIC အဓိပတိ ဆော်ဒီအာရေဗျနိုင်ငံဟာ အမျိုးသမီးတွေကို အလွန်အမင်းဖိနှိပ်ပါတယ်။ ဒီလိုပဲ လူမျိုးခြား၊ ဘာသာခြားတွေကိုလည်း ကန့်သတ်ဖိနှိပ်မှုတွေလုပ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲလိုဖိနှိပ်မှုတွေ မရှိဘူးဆိုတာ ရိုးရိုးသားသားကြည့်ရင်တွေ့မှာပါ။ ဒီလို ကိုယ့်နိုင်ငံထဲမှာတောင် လူ့အခွင့်ရေးကိုမလေးစားတဲ့ မလိုက်နာတဲ့ နိုင်ငံတွေက လူ့အခွင့်အရေးကိုအကြောင်းပြပြီး မြန်မာနိုင်ငံထဲကိုဝင်ချင်ပါတယ်ဆိုတာက အံသြဖို့လည်းကောင်း ရယ်စရာလည်းကောင်းပါတယ်။ မြန်မာနိုင်ငံထဲမှာ အစ္စလာမ်ဘာသာအရေးအတွက် လုပ်နေကြတဲ့ လွတ်လပ်စွာဖွဲ့စည်းထားတဲ့ အစ္စလာမ်အဖွဲ့အစည်းတွေရှိနေပြီးသားပါ။ ဒီအတွက်နောက်ထပ် ပြည်ပက အဖွဲ့အစည်းတစ်ခုထပ်ပြီး မလိုအပ်ပါဘူး။

အခုချိန်ထိတော့ OIC ရဲ့ ဖိအားပေးမှုတွေကို မြန်မာနိုင်ငံအစိုးရကတောင့်ခံထားနိုင်ပါသေးတယ်။ ဒါကလည်း လူထုကိုယ်တိုင်ကိုက OIC ကိုအလိုမရှိကြောင်း ဆန့်ကျင်ထားလို့ပါ။ OIC ရဲ့ ရှေ့လျှောက်ဖိအားပေးမှုတွေကို ဘယ်လောက်တောင့်ခံထားနိုင်ဦးမလဲဆိုတာကတော့ ပြည်သူလူထုရဲ့အားပေါ်မှာ အများကြီးမူတည်နေပါတယ်။ OIC ကို ၀င်ရောက်ခွင့်မပြုခြင်းဟာ လူမျိုးရေးမုန်းတီးလို့လည်း မဟုတ်၊ ဘာသာရေးမုန်းတီးလို့လည်းမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ဘာသာ သာသနာကာကွယ်စောင့်ရှောက်နိုင်တဲ့ မွေးရာပါအခွင့်အရေးပါ။ ဘယ်နိုင်ငံကမှလည်း ဖိအားပေးမတောင်းဆိုနိုင်ဘူး၊ ဘယ်နိုင်ငံကမှလည်း အနိုင်ကျင့်လို့မရဘူး။ ဒီအမျိုးဘာသာအခွင့်အရေးဟာ ဘယ်နိုင်ငံမှာမဆို ရှိနေ ကျင့်သုံးနေတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒီမိုကရေစီစံပြဆိုတဲ့ အမေရိကလိုနိုင်ငံမှာတောင် ခိုးဝင်လာတဲ့ မက္ကဆီကန်တွေကို လူ့အခွင့်အရေးကြောင့် ၀င်စေဆိုပြီးလွှတ်ပေးလိုက်တာမရှိပါဘူး။ ဒါဟာ အမျိုးသားရေးတာဝန်ပါ။ အဲဒီတာဝန်ကို ဘယ်ပေတံနဲ့မှတိုင်းတာပြီး ကျွန်တော်တို့အလျှော့မပေးနိုင်ပါဘူး။ ကျွန်တော်တို့ ဘာသာသာသနာ ကာကွယ်ဖို့အတွက် OIC ကို လုံးဝအ၀င်မခံနိုင်ပါဘူး။ —



Viewing all articles
Browse latest Browse all 6402

Trending Articles