Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

HOT NEWS : ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ

$
0
0

source  thein win 29.january

 

428236_10200458611856748_2123087775_n

((( ရယ်စရာ မဟုတ်ပါ )))

ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ

“လယ်သမားများ ထမင်းတစ်နပ်လျှော့စားပါ”
ဦးမြင့်လှိုင်-လယ်ဆယ် ၀န်ကြီး
————————————————————————–
“အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့”
ဦးအောင်သိန်းလင်း-
( ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ )

———————————————————————————————-
ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန်၏ပြောဆိုမှုကအဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော
January 29, 2013

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။

““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့ ဒေသခံပြည်သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီဒီလိုမျိုး အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ဝေဖန်ချက်ကလုံးဝအဓိပ္ပာယ်မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့် တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး ဌာနမှ ကချင်အရေးနှင့်ပတ်သက် သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ်” ချပါကြောင်း ထုတ်ပြန်ခဲ့သည်။
(ခန့်ခန့်-ဒဿနိက/Hot News



Viewing all articles
Browse latest Browse all 6402

Trending Articles