Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

Options to attain peace in Burma January 24, 2013 — Burma Democratic Concern (BDC)

$
0
0

Mutual respect, Mutual understanding is needed in order to build trust. Once we got at some point to build it, then it is possible to start talking. One of the distinct fact to bear in mind is that the Myanmar government needs certain amount of time to earn the ethnics trust. At this stage, the option is whether the government should include the parliamentarian Daw Aung San Suu Kyi led NLD and Ko Min Ko Naing with 88 generation student leaders to the negotiation table along with the ethnics? This is serious option to think in order to achieve the durable peace in Burma.

စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရယူဖို့ဆိုရင်တဖက်နဲ့တဖက်အပြန်အလှန်ကျေညက်ဖို့လိုပါတယ်။ ကျွန်မတို့တိုင်းရင်းသားတွေရဲ့ရင်တွင်းဆန္ဒကိုနားလည်အောင်စဉ်းစားပြီး၊ဘာကိုလိုအပ်နေတာလဲ Root cause ဆိုတာကိုဖြည့်ဆည်းပေးဖို့လိုသလိုအစိုးရဖက်မှလဲဘယ်လိုအကြောင်းတရားတွေရှိနေသလဲဆိုတာကိုပါအပြန်အလှန်နားလည်မှဒီပြသနာကိုအဖြေရှာနိုင်မှာပါ။တိုင်းရင်းသားတွေဖက်ကအဓိကတောင်းဆိုနေတာက တွေဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ၊ကိုမင်းကိုနိုင်အစရှိတဲ့နိုင်ငံရဲ့အရေးကိုဦးဆောင်လှုပ်ရှားနေသူတွေကိုပါဆွေးနွေးတဲ့အခါမှာပါဝင်စေချင်တာကိုတွေ့ရပါမယ်။အစိုးရအနေနဲ့တခုနားလည်ထားသင့်တာကအခုကျိုးစားပြီးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေပေမဲ့ယုံကြည်မှူတဖက်နဲ့တဖက်ရအောင်အချိန်ယူရပါတယ်။အရင်အစိုးရလက်ထက်ခံစားရတာတွေရဲ့အကျိုးဆက်အဖြစ်သံသယရှိနေတာကိုချက်ချင်းကုစားဖို့မလွယ်ပါဘူး။ အဲဒီအချိန်ကာလမှာတကယ်ငြိမ်းချမ်းရေးရဖို့အတွက်ပြင်ဆင်မယ်ဆိုရင်ဒါတွေကိုထည့်သွင်းစဉ်းစားရပါမယ်။အခုတိုင်းပြည်ရဲ့ဒဏ်ရာတွေကိုကုစားတဲ့နေရာမှာအဓိကကျတာအားလုံးပါဝင်နိုင်ရေးပါ။
နောက်တခုကစစ်ရေးနဲ့ဖြေရှင်းလို့ခနငြိမ်းချမ်းသွားလဲဒဏ်ရာရှိနေရင် stable peaceကိုပဲရနေပြီးအချိန်မရွေး crisis ပြန်ဖြစ်သွားပြီးစစ်ပွဲတွေပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီ့အပြင် compromise ဘယ်လောက်အထိလုပ်နိုင်တယ်ဆိုတာကိုပွင့်လင်းစွာဆွေးနွေးဖို့လိုပါတယ်။ကိုယ့်တိုင်းပြည်မှာမဖြစ်နိုင်သေးတာကိုကတိမပေးမိဖို့ကအဓိကကျပါတယ်။ မလုပ်နိုင်သေးတာကိုပွင့်လင်းစွာရှင်းပြနိုင်ရင်ချောမွေ့သွားနိုင်ပါတယ်။ တိုင်းရင်းသားတွေဖက်ကလဲဖြစ်သင့်တာကိုအဓိထားပြီး compromise လုပ်သင့်တာကိုလုပ်ဖို့လိုပါတယ်။ နို့မို့ဆို negotiation ဆိုတဲ့အဆင့်ကိုမရောက်နိုင်သေးပဲအမြဲတမ်းသံသရာလည်နေမှာဖြစ်ပါတယ်။ တကယ်တမ်းသေချာစဉ်းစားရင်တိုင်းရင်းသားတွေရဲ့တည်ရှိနေမှူနဲ့သူတို့ရဲ့လိုအပ်ချက်ကိုမျက်ကွယ်ပြုလို့မရတဲ့အရှိတရားဖြစ်နေသလိုတပ်မတော်ဖြစ်တည်ရှိမှူဟာလဲမျက်စိမှိတ်ပြီးဆင်းပေး၊ဖယ်ပေးလို့ပြောလို့မရတာမို့ထည့်သွင်းစဉ်းစားရမဲ့အချက်ဖြစ်ပါတယ်

http://bdcburma.wordpress.com/



Viewing all articles
Browse latest Browse all 6402

Trending Articles