Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

UNFC-NIPPON FOUNDATION: အပြောတခြား အလုပ်တခြား ဦအောင်မင်းနဲ့ ဂျပန်အထောက်အပံ့

$
0
0

SOURCE  NGUN JA WA

ဂျပန်နိင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်း က ယမန်နစ် မြန်မာနိုင်ငံတိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ်များကို တိုင်းရင်းသားဒေသတွေမှာ လူသားချင်းစာနာ အကူအညီ ပေးဖို့  တိုကျိုမြို့ သို့ ခေါ်ယူတွေ့ ဆုံဆွေးနွေးခဲပါသည်၊ ၄င်းဆွေးနွေးပွဲမှ စတင်၍ မြန်မာနိုငံ စစ်ရှောင်ပြေးရတဲ့ တိုင်းရင်းသားဒေသတွေ အတွက် ဒေါ်လာ သုံသန်း တန်ဖိုးရှိတဲ့ အကူအညီပေးဖို့ ကြေငြာခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ စ၍ မွန်ပြည်သစ်လက်အောက်ခံဒေများကို အကူအညီ စတင်ပေးနေပါပြီ။ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ အကူအညီပေးဖို့ စတင်လုပ်ဆောင်နေကြောင်းသိရပါတယ်။

71878_332161716899161_163200542_n

တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေကို အကူအညီ ဒီလောက်ကြီးမားတဲ့ အကူအညီရရှိတာဟာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရပါသည်၊ ယခင်က အစိုရမှ တဆင့်သွားကြရတာဖြစ်ပါသည်၊ ဒီအတွက် သဘောတူပေခဲ့ ဦးအောင်မင်းကိုတောင် ကျေးဇူးတင်ဖို ပြောမဆုံးခင်မှာ မြန်မာအစိုးရအနေနဲ့ ၂၀၁၁ မှစ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့ ကချင်ဒေသကို မပေးရန် အပြင်းအထန်ကန့် ကွက်တဲ့အတွက် နီပွန်ဖောင်ဒေးရှင်း ဥကဌ Yohei Sasakawa အနေနဲ့ အလွန်ခံပြင်း စိတ်မကောင်းဒေါသ ဖြစ်ခဲ့တယ်လို့ ဆိုပါသည်။

နီပွန်ဖောင်ဒေးရှင်း ကိုယ်စားလှယ်များကို ” ကချင် ကလွဲပြီး ကျန်တဲ့ ဒေသအကုန်လုံးကို ကူညီလို့ ရတယ်” လို့ ဦးအောင်မင်းက ပြောကြောင်း အမည်မဖော်လိုသူ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တဦးက အင်ဂွန်ဂျာဝါ ကို ပြောကြားလာပါသည်။ မြန်မာပီးစ်စင်တာ (MPC)မှ ဝန်ကြီးဦးအောင်မင်းသည် ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဟု ပါးစပ်ကတဖွဖွပြောနေသော်လည်း လက်တွေ့ တွင် ကေအိုင်အေအဖွဲ့ ကို နည်းမျိုးစုံသုံး၍ အကြပ်ကိုင်နည်းကို သုံးနေတာဟာ ဤနီပွန်ဖောင်ဒေးရှင်း အကူအညီကိစ္စကို ကြည့်လျှင် သိသာကြာင်း ဆက်ပြောပါသည်။

နီပွန်ဖောင်ဒေရှင်း အနေနဲ့ မြန်မာနိင်ငံကို ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မနားမနေ ကြိုးစားနေသူဆိုသူ ထံမှ ဤမည်သောစကားကို ကြား၍ အလွန် စိတ်မကောင်း အံ့အားသင့် သော်လည်း မိမိ၏ ကျန်သည့် လူသားချင်းစာနာ အကူအညီ ပရောဂျက်များကို မထိခိုက်လို၍ အကူအညီ ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်၊ ကချင်စစ်ပြေးရှောင်နေသူများကို MPC မှ ကန့် ကွက်သည့်ကြားမှ ကူညီနိင်မည့် နည်လမ်းရှာကြံ ကူညီသွားမည်ဖြစ်ကြောင်းကြားသိရပါသည်။



Viewing all articles
Browse latest Browse all 6402

Trending Articles