မည့်သည့် ပါတီအဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုသည့် ငြိမ်းချမ်းရေးလိုလားသူ ဆယ်ဦးက ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာ အထိ ဇနန၀ါရီလ ၂၁ ရက်နေ့မှ စတင်ပြီး လမ်းလျှောက်သွားကြမည် ဖြစ်ကြောင်း အသိပေးပြောဆိုသည်။
အဆိုပါ လမ်းလျှောက်မည့် လူငယ် များက ၁လခွဲကြာလမ်းလျှောက်ချီတက် သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ မြို့တော် ခန်းမရှေ့မှ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက် (၇)နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ပူးပေါင်းပါဝင်လိုသူများကိုလည်း ဖိတ်ခေါ်ကြောင်း ပြောဆိုသည်။
ထိုလူငယ် ၁၀ ဦးမှလူငယ်တဦးဖြစ်သော ရန်နိုင်ထွန်းရဲ့ ပြောကြားချက်အချိုကို ဖော်ပြပေးလိုက်ပါသည်။
