Reblogged from democracy for burma:

မသင်္ကြန်ဟိန်(မြစ်မခ)
ဇန်န၀ါရီလ ၁၊ ရန်ကုန်မြို့။
KIA တပ်ထဲမှာ ရဲမေအဖြစ်နဲ့ နေတုန်း တညမှာ ဖြုန်းခနဲ ကျမ အိပ်မက် မက်တယ်။
ကျမ အိပ်မက်ထဲမှာ မချိုကို တွေ့တယ်။ သူ ငိုနေတယ်၊ ငိုနေတယ်၊ ပြီးတော့ ကိုကြီး…ကိုထွန်းအောင်ကျော် လို့ သိရတဲ့ သူ တယောက်ကိုလည်း တွေ့လိုက်တယ်။
မချိုနဲ့ ကိုကြီး အသတ်ခံရပြီး သေပြီလို့ သိလိုက်တော့ ကျမ လန့်သွားတယ်။ အိပ်မက်ပဲလို့ သိပြီး လန့်နိုးလာတော့ အိပ်ရာကနေ ၀ုန်းကနဲ ထလိုက်မိတာ။ ရဲမေ တယောက်က မငယ် ဘာဖြစ်တာလဲလို့ မေးတယ်။ ဘာမှ မဟုတ်ဘူး အိမ်မက် မက်တာလို့ ကျမ ပြောလိုက်ပေမဲ့ ရင်ခုန် မပြေသေးဘူး။
ကြောက်တာရော…။ စိတ်ထိ ခိုက်တာရေ…။ ကျမ ပြန်မအိပ်နိုင်တော့ဘူး။ အဲဒီညမှာ စပြီး ကျမ သတိရသွားတယ်။ ကိုကြီး ကျမကို မှာခဲ့တယ်လေ။ သမိုင်းမှန်ကို ဖော်ပေးဖို့ အဖြစ်မှန်တွေကို ပြည်သူကို အသိပေးဖို့ ပြီးတော့ သမိုင်းမှန်ကို ဖော်ပေးပါလို့ ကျမကို ရေသောက်ရင်းနဲ့ လာလာ မှာခဲ့တဲ့ ကိုကြီးကို ကျမ မှတ်မိလာတယ်။