Quantcast
Channel: democracy for burma
Viewing all articles
Browse latest Browse all 6402

President office.gov.mm/briefing-roomကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIO, KIA တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ခြင်းenglish-burmese

$
0
0

friday 4.january 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၃ )

၂၀၁၃ ခုနှစ်၊  ဇန်နဝါရီလ    ၄    ရက်

၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော်  ၇  ရက်

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIO, KIA တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ခြင်း

၁။      ကချင်ပြည်နယ်တွင် ကေအိုင်အို/ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးအား အဓိကပိတ်ဆို့လျက် တပ်မတော် စစ်ကြောင်း များအား မိုင်းထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းနှင့် အများပြည်သူအသုံးမပြုနိုင်အောင် ပိတ်ဆို့ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိ သည့် ပွိုင့် ၇၇၁ တောင်ကုန်းနှင့်ပတ်ဝန်းကျင် ဒေသအား မြန်မာ့တပ်မတော်မှ ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

၂။      အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂသတင်းထုတ်ပြန်ရေးဌာနမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေ တပ်စခန်းများအား တပ်မတော်မှ တိုက်ခိုက်ခဲ့ခြင်း နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးအနက်ထား၍ မှတ်သားထားရှိကြောင်း၊ အဆိုပါဒေသရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်အန္တရာယ် ဖြစ်စေမည့် လုပ်ဆောင်မှုများကို ရှောင်ကြဉ်စေ လိုကြောင်းဖြင့် ပြောကြားချက်ကို ကုလသမဂ္ဂသတင်းဌာနက ၂-၁-၂၀၁၃ ရက်​တွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

၃။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားသွန် ခွန်စိုက် ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်ပေ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ခဲ့ရာ ကေအိုင်အို/ ကေအိုင်အေ အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့်သဘောတူ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ ကေအိုင်အို/ကေအိုင်အေအဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှု (၁၁) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

၄။      ကေအိုင်အို/ကေအိုင်အေ တပ်ဖွဲ့များအား တပ်မတော်မှထိုးစစ်များ ရပ်ဆိုင်းရန် ညွှန်ကြား ထားပြီးဖြစ်သော်လည်း ၎င်းတို့ဘက်မှ ရထားလမ်း၊ ကားလမ်းများ၊ တံတားများအား အကြောင်းမဲ့ မိုင်းခွဲဖျက်ဆီးခြင်း၊ စီးပွားရေးလုပ်ငန်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးလိုင်းများအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မကြာခဏ မိုင်းထောင်ခြင်း၊ ခြုံခို ပစ်ခတ် တိုက်ခိုက်ခြင်းစသောလုပ်ရပ်များ အဆက်မပြတ်ပြုလုပ်လာသည့် အတွက် တပ်မတော် အနေဖြင့် အများပြည်သူ၏ အသက်အိုးအိမ်လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရေး၊ နယ်မြေဒေသအေးချမ်းတည်ငြိမ်ရေးအတွက် မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်းနှင့် စစ်ရေးအရပြန်လည် တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရသည်။ ထိုသို့ ပြုလုပ်ရသော်လည်း တပ်မတော်တပ်ဖွဲ့များသည် အင်အားကိုအစွမ်းကုန် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။

၅။      မြန်မာ့တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်နေရာများမှာ ရွာသူ၊ရွာသားများ နေထိုင်ခြင်း မရှိသည့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုကားလမ်းအား ကေအိုင်အေ အဖွဲ့က ပိတ်ဆို့ဖြတ်တောက် နိုင်ရန် အခိုင်အမာစခန်း ပြုလုပ်ထားသည့်နေရာဖြစ်ကြောင်း သိရှိရသည်။

၆။      ကေအိုင်အို/ကေအိုင်အေအဖွဲ့နှင့် တပ်မတော်ကြား နှစ်ဖက်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ သည့် တစ်နှစ်တာကာလအတွင်းတွင် တိုက်ခိုက်မှုများကြောင့် နေရပ်မှ ရွှေ့ပြောင်းတိမ်းရှောင် ရသည့် မိသားစုများအား နိုင်ငံတော်မှ ယာယီစခန်းများ ဖွင့်လှစ်၍ နေရာချထားပေးပြီး ၎င်းတို့၏ စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီများ ကိုလည်းရယူ၍ ပံ့ပိုးဆောင်ရွက်ခဲ့သည်။ နေရပ်မှ ရွှေ့ပြောင်း တိမ်းရှောင်လာသူအများစုမှာ ၎င်းတို့၏ ကျေးရွာများတွင် အေးချမ်းစွာနေထိုင်နိုင်ခြင်း မရှိစေရန် ကေအိုင်အေအဖွဲ့၏ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးမှုရှိသည့် ဘေးကင်းရာ နေရာများသို့ လာရောက်ခိုလှုံ ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

၇။      နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ကေအိုင်အို/ကေအိုင်အေ နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များ အောင်မြင်ရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တိုင်းရင်းသား ပြည်သူလူထု အားလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အစဉ်လက်ကမ်း ကြိုဆိုလျက်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

—–

Republic of the Union of Myanmar

Information Team

Press Release (1/2013)

4 January 2013

The armed conflicts between Myanma Tatmadaw (Myanmar Army) and KIO/KIA in Kachin State

1.      Myanma Tatmadaw (Myanmar Army) troops cleared and captured Point-771 hill and its surrounding areas in Kachin State where the KIO/KIA troops were taking position and mainly blocked the Myitkyina-Bhamo Union Highway to lay land mines, ambush the Tatmadaw military columns and threatening people not to be able to use the high way.

2.      With regard to the matter mentioned above, the Spokesperson of the Secretary General of the United Nations issued a statement on 2 January 2013, in which it was stated that the Secretary General has taken serious note of Tatmadaw’s attack on KIA camps in Kachin State and called upon the Myanmar authorities to desist from any action that could endanger the lives of civilians living in the area.

3.      As the democratization process is being carried out in the Republic of the Union of Myanmar with might and main, national reconsolidation and national unity are prerequisites for the peace, tranquility and development of the nation. The Government has been relentlessly working to achieve sustainable peace with various nationalities armed groups and have successfully reached peace agreements with all armed groups  except KIO/KIA. Peace negotiations with KIO/KIA have already been conducted 11 times.

4.      Although instruction has been given to the Tatmadaw to cease all offensive against the KIO/KIA, KIA constantly blasted mines to destroy railroads, roads and bridges, hampering the businesses, destroyed electricity gridlines and frequently laid landmines and ambushed security forces. Due to these circumstances, the Tatmadaw had to take military action as self defense and in order to protect the safety of lives and properties of the people, safe and smooth transportation and peace and tranquility of the region. Even though Tatmadaw had to take this action, it has exercised with maximum restraint in using force.

5.      It is learnt that the areas captured and occupied by the Tatmadaw are the uninhabited hillocks that the KIA has set up strongholds the block the Mitkhina-Bhamo Union Highway.

6.      The Government has provided temporary shelters, food, education and necessary healthcare to the families who were displaced from their homes since clashes between KIO/KIA and Tatmadaw troops broke out last year. The Government has also received assistance from the United Nations and International Organizations for the relief and rehabilitation works. It was found out that majority of the displaced persons were fled from their home because of the threat and disturbance made by the KIA and they have come to take refuge in places where law and order prevail.

7.      The Government will continue to strive to achieve everlasting peace with all nationalities armed groups for nation reconciliation and national Unity . Peace negotiations with KIO/KIA will also be continued. The Government always welcomes to work together with all national races and the entire people of Myanmar to achieve success in democratization process, sustainable development for the people and for the prevalence of peace and rule of law.



Viewing all articles
Browse latest Browse all 6402

Trending Articles