မြစ်ကြီးနား အမှတ် ၁ ရဲစခန်း ဒု-ရဲအုပ်မှ ထုတ်ပြန်သည့် အမိန့်စာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသော အဆောင်မှူးတစ်ဦးလည်းဖြစ်သူ ဦးလထော်ဘရန်ရှောင်အား (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန် ရပ်ကွက် ရယက ဥက္ကဌ သက်သေများနှင့်အတူ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးသွားကြာင်းသိရသည်။ မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ ၁၀ဦးကျော်သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေမှတိမ်းရှောင်လာသူ ဦးလထော်ဘရန်ရှောင် (၂၉) နှစ်အား ဇွန်လ ၁၇ ရက် တနင်္ဂနွေ ည ၉ နာရီချိန်တွင် ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး စစ်ဆေးရန်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒုက္ခစခန်းမှသိရသည်။ “ည ၉ နာရီလောက်မှာ လာဖမ်းသွားတယ်။ အမှတ် [...]
