WEDNESDAY, 18 APRIL 2012 16:17 သျှမ်းသံတော်ဆင့် သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့ကျေးရွာအုပ်စုအား မြို့အဆင့်တိုးမြင့်ရန်၊ တာချီလိတ် – ပုံပါကျင် – BP 1 လမ်းအား ကွန်ကရစ်လမ်းတိုးချဲ့ဖေါက်လုပ်ရန် တောင်ပိုင်း ဝ တပ်ဖွဲ့စိုင်းပြင်းနေကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။ BP1 နယ်စပ်ဂိတ် “တောင်ပိုင်း ဝ တပ်ဖွဲ့ က လူထုအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးလုပ်တာ၊ ဦးချော်ချင် ဆိုတဲ့သူပေါ့။ ဟွေအော့ ရဲ့ နောက်ဘက် ကုန်းဆာကနေ ဟွေ့အော့ ကိုပတ်ပြီး ဒီဘက် ဟောင်လိတ်အထိ မြေတွေထွန်ယက်နေတယ် လမ်းတွေဖေါက်နေတယ်၊ ဖြူးနေတာဘဲ” – ဟု ထိုင်းနယ်စပ်ရောက်ဟွေ့အော့ဒေသခံတဦးက ပြောပါသည်။ မတ်ခ်ျလ ကစ၍ သံလွင်အရှေ့ခြမ်း သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ် [...]
