၂၄ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၂ခုနှစ် သတင်းထုတ်ပြန်ချက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးအခြေစိုက် ကျန်လုနှင့် ကျန်ကွေရှင်တို့ ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖားပြန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးဖြစ်သည့် ဦးအိုက်ထာက်နိုင်(ခ)ဦးနိုင်ဆွယ်အား အပြစ်မရှိဘဲ လက်ထိပ်ခတ်ပစ်သတ်ပြီး လူမဆန်စွာ ရက်ရက်စက်စက်မသေမချင်း ရိုက်နှိက်ခဲ့သည်ဟု သိရှိရပါသည်။ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ မွန်းလွဲပိုင်း (၁)နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးအခြေစိုက် ဗိုလ်မှူးမြတ်ထွန်းလင်း ဦးဆောင်သော ရှေ့တန်းအမှတ် (၅ဝ၇)ခမရ တပ်ရင်း အင်အား (၆ဝ) ခန့်နှင့် ကျန်လုနှင့်ကျန်ကွေရှင်တို့ ဦးဆောင်သော ပန်းဆေးပြည်သူ့စစ် အင်အား (၂ဝ) ခန့်တို့သည် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု၊ ဖာပြန့်ကျေးရွာသို့ရောက်ရှိလာပြီး ဦးပေါ်ထိန်နေအိမ်သို့ ရွာသားအား လုံး အမျိုးသမီးနှင့် ကလေးပါမကျန် [...]
