ကချင်ပြည်နယ် ၀ိုင်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်များအတွင်း အစိုးရတပ်နှင့် ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အစိုးရတပ်က လူ့အခွင့်အရေး ချိုးဖောက် မှုများ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။ ၀ိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာအတွင်း ယမန်နေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်က ကျေးရွာအတွင်းမှ နေအိမ်တလုံးကို မီးရှို့လိုက်သလို အရပ်သားများအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်ဟု မြစ်ကြီးနားသို့ ထွက်ပြေးလာသည့် မျက်မြင် ဒေသခံ တဦးက အခုလို ပြောသည်။ “မနေ့က မနက် ၇ နာရီခွဲမှာ KIO ဖက်ကလာပြီးတော့ ဆယ်မိနစ်လောက် ပစ်တယ်။ အဲဒီနောက်ပိုင်း စစ်တပ်က ပြန်ပြီးမှ မိနစ်(၃၀) လောက် [...]
